Wednesday, June 13, 2007

T.G.I Taunggyi

ကျွန်မ တောင်ကြီးကပါ။ လွန်ခဲ့တဲ့ ၇ နှစ်လောက်၊ အတိအကျဆို ၂၀၀၀ ခုနှစ် လောက်က မမျှော်လင့်ထားဘဲ ကံအားထောက်မစွာ အမေရိကားကို သွားရပါတယ်။ အလုပ်သင်အနေနဲ့ပဲ ဆိုပါတော့။ အမေရိကားမှာ လည်စရာတွေ ပေါပါတယ်။ စားသောက်ဆိုင်တွေ ပေါပါတယ်။ ဘိုစာတွေပေါ့။ ကျွန်မတို့နေတာက မြို့ကြီးပြကြီး မဟုတ်ပါဘူး။ မြို့အလတ်စားပါ။ ဒီလိုမြို့တွေမှာ စားသောက်ဆိုင်တွေက သူ့ဝင်းနဲ့ သူ့အိမ်နဲ့ပါ။ ကားရပ်စရာလည်း အလုံအလောက်ရှိပါတယ်။

မသွားခင်ကတည်းက ကျွန်မတို့ သိထားတဲ့ ဆိုင်ကတော့ McDonald - Burger ဆိုင်ပေါ့။ ဟိုရောက်ရင် အ၀စားလိုက်မယ်လို့ တွေးပြီးသွားတာပါ။ အဲဒီရောက်တော့လည်း အ၀စားပါတယ်။ ဘာဂါတစ်လုံးက ဈေး သိပ်အများကြီး မဟုတ်ပါဘူး။ တစ်လုံးတစ်လုံးလည်း အကြီးကြီးပါ။ အမေရိကန် Size တွေပါ။ ရောက်စက မကုန်နိုင်ပါဘူး။ ဘာဂါဆိုင်တွေက Fast Food ဆိုင်တွေပါ။ ဆိုင်ရောက်ပြီး ခဏနေရင် စားလို့ရပြီ။ အဲဒီလို ဈေးသက်သာတာရော၊ မြန်တာရောကြောင့် ဘာဂါဆိုင်တွေမှာ စားကြတာများပါတယ်။ ကျွန်မတို့လည်း တစ်ပတ် ၁ ခါ၊ ၂ ခါလောက်စားပါတယ်။ ရုံးက တခြားလူတွေလည်း စားပါတယ်။ ရုံး/အလုပ် လုပ်တဲ့ လူလတ်တန်းစားတွေက ဒီလိုဆိုင်တွေရော၊ Restaurant တွေမှာပါစားပါတယ်။ Restaurant တွေမှာက Service Tax ရော Tip ပါ ပေးရတော့ တစ်ခါစားရင် ၈ ဒေါ်လာ ၁၀ ဒေါ်လာ အထက်ကုန်ပါတယ်။ ကျွန်မတို့ကတော့ တစ်လမှာ ၂ခါ ၃ခါ လောက်ပဲ စားနိုင်ပါတယ်။

Restaurant တွေက အစားအစာ မျိုးစုံပါ။ တရုတ်စာ၊ စပိန်စာ၊ မက္ကဆီကန်စာကနေ ပီနန်(Penang)စာ အထိရှိပါတယ်။ အမေရိကန်စာကတော့ အမဲသားပြားကို မီးကင်တဲ့ (Steak) နဲ့၊ အာလူးချောင်းကြော်ပါ။ အဲဒီလို အမေရိကန်စာတွေကို ရောင်းတဲ့ဆိုင်တစ်ဆိုင်ရှိပါတယ်။ သူကလည်း McDonald လို ဆိုင်ခွဲတွေ ဖွင့်တဲ့ Restaurant Chain ပါ။ Chain ဆိုတော့ ဘယ်ဆိုင်သွားသွား သူ့ Standard နဲ့ပါ။ ဒီလို အမြင်၊ ဒီလို Menu၊ ဒီလို အရသာ ပါပဲ။ အဲဒီဆိုင်ကတော့ အပြင်ကနေ ကြည့်လိုက်တာနဲ့ အဖြူ၊အနီကြား Sign Board ရယ်။ အဖြူ၊အနီကြား နေကာ မိုးကာရယ်ကို တွေ့ရပါတယ်။ အထဲဝင်လိုက်ရင်လည်း မှန်ရောင်စုံစီ မီးအုပ်ဆောင်းလိုမျိုးတွေ၊ ရှေးဟောင်း ပိုစတာတွေ၊ တိုလီမိုလီတွေနဲ့ အလှဆင်ထားတာကိုတွေ့ရပါတယ်။ ကျွန်မကတော့ အဲဒီဆိုင် အပြင်အဆင်ကို ကြိုက်ပေမယ့် အမဲသားကင်ကို မကြိုက်ပါဘူး။ တစ်ခါတစ်လေကျရင် အစိမ်းရှင်ရှင်လိုက်ကြီး၊။ တစ်ခါတစ်လေကျတော့လည်း မီးသွေးတူးလိုမျိုးတွေနဲ့။ အာလူးကြော်ပဲကြိုက်ပါတယ်။

အဲဒီဆိုင်ရဲ့ နာမည်က T.G.I Friday's ပါ။ အမေရိကားမှာက အလုပ်လုပ်တဲ့ လူတွေဟာ Friday ဆို ပျော်ပါတယ်။ စနေ၊ တနင်္ဂနွေ ရောက်တော့မှာမို့။ အဲဒါကြောင့် သူတို့က သောကြာနေ့ဆို "Thank God It's Friday" ဆိုပြီး ပြောကြပါတယ်။ TGIF လို့လည်း သုံးပါတယ်။ အဲဒီကနေ ယူပြီး T.G.I Friday's ဆိုပြီး နာမည် ပေးထားတာပါ။ အဲဒီဆိုင်မှာ သွားမစားဖူးခင်ကတည်းက ဆိုင်နာမည်ကို မြင်လိုက်တာနဲ့ ကျွန်မ တောင်ကြီးကိုပဲ ပြေးမြင်ပါတော့တယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ တောင်ကြီးမြို့ရဲ့ Code သို့မဟုတ် အတိုကောက်က TGI ပါ။ (TaungGyI) ပါ။

ကျွန်မဘာသာ ကျွန်မကတော့ T.G.I Taunggyi လို့ပဲ ဆိုနေမိပါတယ်။ "Thank God It's Taunggyi" ပေါ့။ တောင်ကြီးမှာနေ၊ တောင်ကြီးမှာ ကြီးပြင်းရတာကို ကြိုက်လို့၊ ပျော်လို့ ကျွန်မရဲ့ Home Town လေးဟာ တောင်ကြီး ဖြစ်ရတဲ့ အတွက် ဘုရားသခင်ကို ကျေးဇူးတင်မိပါတယ်။ တောင်ကြီးမြို့ကို ဘာကြောင့်ကြိုက်သလဲဆိုတာ အကြောင်းတွေ အများကြီး ရှိပြီး ဒီ Blog ကို ဖတ်ရင်း ဖတ်ရင်း နဲ့ ကျွန်မတို့ မြို့လေးအကြောင်း သိပြီး ကျွန်မ "Thank God It's Taunggyi" လို့ဆိုတာ မလွန်မှန်း သိလာမှာပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
အေးမိစံ

5 comments:

Sai Linn Thu said...

America မှာရော stress တွေအရမ်းများ လား?

Andy Myint said...

Singapore နဲ့စာရင်တော့ နည်းပါတယ်။ မြန်မာပြည်မှာလိုတော့ အေးအေးဆေးဆေး မဟုတ်ပါဘူး။

Sapai said...

atmifausmfjrifY &JY bavmYcfu zwf&wmvJaumif;?A[kokwvJ &w,f/ zwfjyD;awmY pma&;q&mawG[m bavmYcfa&;wJYolawG[m tjyifrSm pum;rsm;ovm; vkdY
odcsifvmygw,f/

Andy Myint said...

မစံပယ်... အခုလို ချီးမြှောက်တာ ကျေးဇူးတင်ပါတယ်။ သူများတွေတော့ မသိဘူး.. ကျွန်တော်ကတော့ အပြင်မှာ စကားပြော ညံ့ပါတယ်။

nanda said...

ဒီမလေးမှာလဲရှိပါတယ်..ဒါပေမဲ့သတိမထားလိုက်မိဘူးT.G.I taunggyi ဆိုတာဟဲဟဲအတူလာတဲ့သူငယ်ချင်းကT.G.I friday မှာလုပ်ရတာပါ Mcdonald ကတော့ရွှေတွေမခန့်ပါဘုး လစာလည်းနည်းပါတယ် ဘာဂါတော့စားဖြစ်တာပေါ့တောင်ကြီးက burger house ကိုသတိရလို.လေ......burger house ကပိုစားလို.ကောင်းတယ် ကြော်ငြာပေးတယ်နော်ပြန်လာရင် free ကျွေးရမယ် မမီးမီး ရေ.........