Saturday, September 15, 2007

အင်းလေးကန်

ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းမှ ပြူစုထားသော မှတ်တမ်းမှတ်ရာများဖြစ်ပါသည်။

“ရေညှိပျံ့သင်း၊ ညောင်ရွှေအင်းလည်း နတ်မင်းသုံးရန် နန္ဒကန်နှင့် သဏ္ဍာန်မခြား” အစချီစဆိုတော်ဦးပုည၏ အင်းလေး အလှကို နတ်မင်းတို့၏ နန္ဒကန်နှင့်ခိုင်းနှိုင်းတင်ပြသွားသည်မှာ အလွန်ပင် ကြည်နှူးဂုဏ်ယူစရာ ကောင်းလှပါသည်။

နိုင်ငံတိုင်းနိုင်ငံတိုင်းတွင် တန်ဖိုးမဖြတ်နိုင်သော ရတနာသဖွယ် သတ်မှတ်ထိမ်းသိန်းထိုက်သော နေရာဒေသများ ရှိကြပါသည်။ အင်းလေး အင်းကြီးသည် မြန်မာနိုင်ငံတော်အတွက် အစားမထိုးနိုင်သော ရတနာပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင်သာ မက ကမ္ဘာတလွှားသို့တိုင် ကျော်ကြားလျှက်ရှိပါသည်။

“မှိုင်းညှိ့ညို့ တောင်ပြာတန်းကြီးများက အရှေ့နှင့်အနောက်သွယ်တန်းကာ ရေပြင်က ကျယ်ကျယ် သဘာဝကျေးဌက် တွေပေါ ကြာဖြူ။ကြာညို ကြာပဒုမ္မာ တွေက ရောင်စုံဖျာလို့ အလှတင့်တယ် ”
ဤသဘာဝ ပန်းချီမှာ အင်းသူအင်းသာ တို့၏ စည်းချက်ညီညီ ၀ါးချက်ကျကျ လှေငယ်အား ခြေဖြင့်တက်ကို ၀ှိုက်ကာ ၀ှိက်ကာလှော်ခတ်ပုံမှာ ပုံရိပ် သဘာဝ ကျကျ လှပလို့နေပေသည်။ ကမ္ဘာကသိသည့် ဤအလှကို ပျောက်ကွယ်မသွားအောင် ထိမ်းသိန်းရန် မြန်မာနိုင်ငံသားတိုင်း၏ သမိုင်းပေးတာဝန်တရပ် ဖြစ်ပါသည်။

အင်းလေးကန် ပေါ်ပေါက်လာပုံ
အင်းလေးကန်ကို ပညာရှင်များက ကောက်ချက်အမျိုးမျိုး ချခဲ့ကြပုံမှာ
ဘူမိဘေဒ ပညာရှင်များ၏ သင်ကြားချက်အရဆိုလျှင် ရှမ်းကုန်းမြေမြင့်ဒေသသည် (Lime stone) ခေါ် ထုံးကျောက်များ ပေါ်ကြွယ်ရာ ဒေသဖြစ်သည်။ မိုးများ အဆက်မပြတ်ရွာသွန်းရာတွင် ထုံးကျောက်များ အရည်ပျော်ရာမှ ဖြစ်ပေါ်လာသော ပျော်ဝင်ကန် (solution lake) ဖြစ်သည်ဟုဆိုကြ၏။

တဖန်တစ်ချို့သော ဘူမိဘေဒ ပညာရှင်များကလည်း အင်းလေးကန်သည် ထုံးကျောက်များကို ရေတိုက်စားခြင်းဖြင့် ရေတိုက်စားခံရသော နေရာများတွင် ချိုင့်ဝှမ်းဖြစ်ပေါ်လာသော ထုံးကျောက်အိုင် ဟူ၍ ဆိုကြ၏

တဖန်တစ်ချို့သော ပညာရှင်များက အင်းလေးကန်၏ တဖက်တချက်ရှိ အက်ြေ့ကာင်းကြီးနှစ်ခု၏ အလယ်ထုအောက်သို့ လျှောကျမှုကြောင့် (ထုပြတ်ရွေ့ Block Faulting) ဖြစ်ပေါ်လာသော ရေအိုင်ဟူ၍ လည်း ဆိုကြ၏။

မည်သို့ပင်ဆိုစေကာမူ အင်းလေးကန်ကြီးသည် လွန်ခဲ့သော နှစ် ၁၀ သန်းခွဲ လောက်ကပင် ရှိနေပြီဖြစ်သည်။ ထိုအချိန်ကာလ၏ ကန်ရေပြင်သည် ယခုမြေမျက်နှာပြင်ထက် ပေပေါင်း ၃၀၀ ခန့် မြင့်သည်ဟု ဆိုသည်။ မည်မျှ ကျယ်သည် မည်မျှ နက်သည်ကိုကား ရေရေရာရာ တိတိကျကျ မသိရှိရပေ။ သို့သော် သေချာခိုင်မာစွာ သိရသည်မှာ တဖြည်းဖြည်းနှင့် ကျမ်းမြောင်း တိမ်ကော လာပြီ ဆိုသည့် အချက်ပင် ဖြစ်သည်။

အင်းလေးကန်၏ ထူးခြားချက်မှာ အမာခံ အောက်ကြမ်းပြင်မရှိခြင်း ဖြစ်သည်။ စိမ်းညို့ညို့ အရောင်ရှိသော အမှုန်များ စုပေါင်း၍ နွံ အဖြစ်သို့ ကူးပြောင်းသွားသော နှုန်းမြေများ ဖြစ်လာကြသည်။ ထိုအမှုန်များတွင် ထုံးဓါတ်အများအပြားပါဝင် သည်ကို တွေ့ရှိရသဖြင့် အင်းလေးကန် ကြီးသည် ထုံးကျောက် အရေပျော်အိုင်ကြီး ဖြစ်လာသည်ဟူသော ယူဆချက်မှာ အတော်ပင် ခိုင်မာသည်ဟု ဆိုနိုင်ပါသည်။

ဘ၀စုံလင်အင်းရေပြင်
အင်းလေးကန်ကြီးသည် နှစ်သန်းပေါင်းရာပေါင်းများစွာမှ စတင်ဖြစ်ထွန်းပေါ်ပေါက်လာခဲ့သော ရေအိုင်ကြီးတခုဖြစ်သဖြင့် ဖြတ်သန်းကျော်လွှား လာခဲ့သည့် အချိန်ကာလမှာ ကမ္ဘာနှင့်ချီ၍ ပင် ခိုင်းနှိုင်းလောက်သည်။ အင်းရေပြင်သည် မာန်ဟုန်ပြင်းပြင်း ထုထည်ကြီးမားသည့် အချိန်ကာလများကို ဖြတ်သန်းခဲ့ရသလို ထုထည်သေးငယ်သည့် ရေပြင် တိမ်တိမ်နှင့်လည်း နေခဲ့ရဖူးဟန် ရှိသည်။ လက်ဝဲ လက်ယာ ကမ်းများနှင့် တောင်မြောက် အင်းရေပြင်သည် ဆုတ်လိုက် တက်လိုက်ဖြင့် သံသရာ လည်နေခဲ့ဟန် လည်း တူပေသည်။

လွန်ခဲ့သော နှစ်၁၀၀၀ ကျော်ကလများတွင် ညောင်ရွှေမြို့သည် မပေါ်ထွန်းသေးပါ။ ညောင်ရွှေမြို့၏ မြောက်ယွန်းယွန်း လေးမိုင်ခန့်ရှိ ဗောရိဿတ် ဘုရား အနီးတွင် ရှေးဟောင်းမြို့ကြီး တစ်မြို့ ထွန်းကားခဲ့သည်။ ဧက ၉၇၀ ကျော် ကျယ်ဝန်းကြီးမားသော ထိုမြို့ကြီးကို မြို့ရိုးနှင့် ကျုံးတို့က ၀န်းရံထားပါသည်။ ထိုမြို့ကို ဒေသခံ များက “မြို့တွင်းကြီး ခေါ် ကောသမ္ဘီ (ကော့ဆမ်ပီ)” မြို့ကြီးဟုခေါ်ဆိုကြသည်။ ယခုတိုင် အချို့နေရာများတွင် အုတ်မြို့ရိုးများ ကျန်ရစ်တည်ရှိနေဆဲ ဖြစ်သည်။ အေဒီ ၁၀၀၀ ခန့်က ထိုကောသမ္ဘီ ခေါ် (ကမ္ဘောဇ တိုင်းနိုင်ငံ ကြီးသည်) ကြီးမား တန်ခိုးထွားခဲ့လေသည်။ ထိုအချိန်၌ အင်းရေပြင်သည် ယခု လက်ရှိအလျား (၁၄ မှ ၁၂ ) မိုင် အနံ (၄ မှ ၅ ) မိုင်ထက် သေးငယ်သည်။ ရေမျက်နှာပြင်ကျင်းသော်လည်း ပို၍နက်သည်။ ဤကောသမ္ဘီ မြို့ နိုင်ငံ ကြီးကို မြောက်ဘက်မှ တရုတ်တို့က အေဒီ ၁၁၁၃ အလောင်းစည်သူမင်း လက်ထက်တွင် လာရောက်တိုက်ခိုက်ကြရာ စစ်ရှုံး၍ ကောသမ္ဘီမှ ခွာ၍ တိမ်းရှောင်သွားကြသည်။ တရုတ်တပ်များ ပြန်ဆုတ် သွားပြီးနောက် မြို့တစ်မြို့ကို ထပ်မံ တည် ကြပြန်သည်။

မြို့တည်နေရာကား ယခု မိုင်းသောက်အင်းရွာနှင့် သလဲဦးရွာ အကြားရှိ ပေပင်အင်းရွာ အနောက်ဘက်တွင် ရမ္မ၀တီမြို့သစ်ကို တည်ထောင်ခဲ့ကြသည်။ ဤဒုတိယတည်ထောင်ခဲ့သော ရမ္မ၀တီမြို့သည် သဘာဝဘေးဒဏ်ြေ့ကာင့်ပျက်ခဲ့ရသည်။

ဟဲဟိုးသီခေါင်ပုံးအင်း
ယနေ့ကန်ရေပြင်သည် ရှေးအင်းလေးကန်၏ အစိတ်အပိုင်းမျှသာ ဖြစ်ပေသည်။ အင်းလေးကန် ရေပြင်သည် ယခင်က ပထ၀ီ အနေထားမှာ ယခုအတိုင်းမဟုတ်ပဲ ကျယ်ပြန့်ရာ အလျား ၃၈ မိုင် အနံ ၈ မိုင်ခန့်ထိ ရှိခဲ့သည်။ ရေဦးတိုက်ရွာများ အဖြစ် (၁) ပေါင်းပိန်း (၂) ရေဦး (၃) ဟိုနမ့် နှင့် (၄) ထန့်အိမ်အထိ ရေများ ရောက်သည်ဟု ဆိုကြသည်။ ယခု ညောင်ရွှေမြို့နေရာသည်ပင် တချိန်က အင်းရေပြင်ကျယ်ဖြစ်ခဲ့ဖူးသည်ဟု ဆိုကြသည်။ ဤမျှ မက ယခု ညောင်ရွှေမြို့မှ ၁၅ မိုင်ခန့်ကွာဝေးသော တောင်နီ ကျေးရွာ (အင်းဦးစေတီ) အထိ တစ်ချိန်က ဦးတိုက်ခဲ့သည်ဟု ဆိုကြသည်။ ဟဲဟိုးသီခေါင် ချိုင့်ဝှမ်းကြီးသည် အရှေ့အင်းခေါင်း ရေထွက်မှ အနောက် ရေဝေါ တောင်နှင့် လက်မောင်းကွေးတောင်တန်းများ အထိ (၇)မိုင်(၈)မိုင်ခန့် ရှိသည်။ တောင်နှင့်မြောက်မှာ ၅ မိုင် ၆ မိုင်ကျော ရှိပေမည်။ ထိုအချိန်က ဟဲဟိုးချိုင့်ဝှမ်းကြီးသည် ရေပြင်ကျယ်ကျယ်နှင့် တင့်တယ်လို့ နေပါသည်။ ရေဝေါတောင်ပေါက်ထွက်ရာမှ ရေများ အလုံးအရင်းနှင့် အင်းလေးအင်းကြီးထဲသို့ စီးဝင်သွားသည့်အတွက် အင်းလေးအင်းကြီးသည် အလျား ၃၆ မိုင် အနံ ၈မိုင် ထိ ပထ၀ီ အနေအထားသို့ ရောက်ခဲ့ရသည်။ ရေဝေါတောင်သည် ၂ ပိုင်းနီးပါး ကွဲအက် ပေါက်သွားရခြင်းကို ဆန်းစစ်ကြည့်သော် သဘာဝ ဘေးဒဏ်ကြောင့်ဟု ယူဆရပါမည်။ မိုးအဆက်မပြတ် ရွာသွန်းသည့်အတွက် ဟဲဟိုးအင်းရေပြင်သည် အရှိန်အဟုန်ပြင်းစွာဖြင့် အဆမတန်မြင့်တက်ခဲ့ဟန်တူပါသည်။ ပြင်းထန်သော ရေအားကြောင့်ပေါက်ထွက်ခြင်း (သို့မဟုတ်) မြေငလျှင် လှုပ်ခါမှြုေ့ကာင့် ကွဲအက်ခြင်းများဖြစ်နိုင်ပါသည်။ မည်သို့ ဆိုစေကာမူ ဟဲဟိုးသီခေါင်နယ် ငုတ်တောင်ဘက်မှ တောင်ပြိုခြင်းကြောင့် ယခု ပုန်းအင်း (ဖုန်းအင်း) ဟု ခေါ်ကြသည့် ဘက်မှ အင်းရေများ ကျဆင်းလာပြီး အရှေ့တောင်ဘက် ညောင်ရွှေအင်းထဲထိ စီးဝင်လာခဲ့သဖြင့် အင်းရေသည် အလျား ၃၆ မိုင် အနံ ၈မိုင် အထိ ပထ၀ီ အနေအထားဖြစ်ပေါ်ခဲ့ရာ ဒုတိယ ရမ္မာဝတီမြို့ ရေအောက်သို့ရောက်ပြီး မြို့ပျက်ရခြင်းဖြစ်ပါသည်။ ဤဖြစ်ရပ်မှန်ကို သိနိုင်ရန် သိပ္ပံနည်းကျ အထောက်အကူ ပစ္စည်းကိရိယာများဖြင့် ဘူမိဘေဒ ကွင်းဆင်းလေ့လာပါက ဖြစ်ရပ်မှန်များ ဧကန်မုချ ပေါ်ပေါက်လာမည်ဟု မျှော်လင့်ရပါသည်။

တပေါင်းတန်ခူး ရေကျချိန်၌ အင်းလေးကန် အရှေ့ဘက် သလဲဦးရွာနှင့် မိုင်းသောက်ရွာကြား ပေပင်အင်းရွာ၏ အနောက်ယွန်းယွန်းတွင် ယခုတိုင် ရမ္မ၀တီ မြို့ဟောင်းကြီးအား တွေ့မြင်နိုင်ပါသည်။ ဒေသခံ လူများက နန်းတော်ရာ ဟုခေါ်ဆိုကြသည်။ မြေအောက်သို့ သေချာစွာကြည့်ပါက လူတစ်ဖက်မျှ ကြီးမားလှသည့် တိုင်ကြီးများကို ရေမှော်ရေညှိ များ ဖုံးအုပ်လျှက် တွေ့နိုင်ပါသည်။ အင်းလေးအင်းကြီး သေးငယ်စဉ်က ဤမြေရာ သည် ကုန်းမြေ ရမ္မာဝတီမြို့နေရာပင်ဖြစ်ပါသည်။ ရမ္မာဝတီ မြို့သူမြို့သားများလည်း ရေလွတ်ရာ အရှေ့တောင်ခြေသို့ ရွေ့လာကြပြီး။ မိုင်းသောက် (ရှမ်းအခေါ် မိုင်းဆောက် ၊ မိုင်း = မြို့ ဆောက် = တစ်ထောင်မျှ ဖြစ်၍ အဓိပ္ပာယ်မှာ မြေနေရာလွန်စွာကျဉ်းမြောင်းလှ၍ နေရာတစ်ထောင်မျှသာ ရှိသောမြို့ ဖြစ်သည ) တွင် နေထိုင်ကြပါသည်။ ထိုမှ တဖန်အင်းရေ အတော်အတန် ကျသွာသည့် အခါ၌ မြောက်ဘက်သို့ရွေ့ပြောင်းပြီး မြို့ ၂ မြို့ကို မြို့ရိုးများ ကျုံးများဖြင့် တည်ဆောက်ကြပြန်သည်။ ၄င်းမြို့ ၂မြို့မှာ ဖန်းဖယ် နှင့် မန်ကျည်းစင် ဖြစ်ပါသည်။ ဖန်းဖယ် (ဖာဖယ်) မှာ ရှမ်းဘာသာဖြင့် အမွှာ နှစ်မြို့ဟု အဓိပ္ပာယ်ရပါသည်။ ထိုနေရာသည်လည်း ကျဉ်းမြောင်းသေးငယ်လှ၍ သက္ကရာဇ် ၁၃၅၉ တွင် စော်ဘွားကြီး ဆီဆိုင်ဖ မှ ယခု ညောင်ရွှေမြို့ကို မြို့ အင်္ဂါရပ် နှင့် အညီ တည်ထောင်ခဲ့သည်။ ကောသမ္ဘီ တိမ်ကော ပျက်သုဉ်းပြီး နှစ်ရာပေါင်းများစွာ ကြာမြင့်လာသောအခါ ရေများလည်း ကျသွားပြီး ကုန်းမြေများပေါ်ထွန်း လာသည်။ ယခု အခါ ညောင်ရွှေမြို့သည်လည်း ကြီးမားသော ညောင်ရွှေ ချိုင့်ဝှမ်းကြီး၏ အလယ် ဗဟို ဘူမိနက်သန် နေရာမှန် ပြန်ရောက်ကာ တိုးတက်နေပြီဖြစ်ပါသည်။ ညောင်ရွှေသည် ရှမ်းဘာသာဖြင့် ယောင်ဟွေ့ ဟု အသံထွက်ကာ တောင်နှစ်လုံးကြားမှ ကုန်းမြေမို့မို့ဟု အဓိပ္ပာယ်ရပါသည်။ ရေကျသွားသဖြင့် ကုန်းမြေများ ပေါ်ထွန်းလာခြင်းကြောင့်ဖြစ်သည်။ အင်းလေး အင်းကြီးနှင့် အင်း၏ အရှေ့အနောက်တောင်မြောက် လွင်ပြင်များတွင် ရှေးဟောင်းမြို့ကြီးများ လွန်စွာပေါ်များလှသည်။ အချိုမှာ ကွယ်ပျောက်ကုန်ကြပေပြီ။ မပျောက်ပျက်သေးသော မြို့ရိုး ၊ အုတ်ရိုး နေရာ တော်တော်များများလည်း ကျန်ရှိနေပေသေးသည်။ စေတီပုထိုးရှေးဟောင်း သမိုင်းဝင် အဆောက်အဦးများလည်း လွန်းစွာပေါများလှသည်။ အင်းတ၀ိုက်နှင့် အနီးအနား ဒေသများမှေ၇ှးဟောင်းပစ္စည်းမျးလည်း ပေါ်ကြွယ်လှပေသည်။ ထိုညောင်ရွှေချိုင့်ဝှမ်းဒေသသည် ဤမျှ ရှေးဟောင်းအမွှေအနှစ်များ ပေါကြွယ်ချင်းမှာ သမိုင်းကြောင်ရှည်လျား၍ ယဉ်ကျေးမှုနှစ်ပေါင်းထောင်ချီ၍ ရှိခဲ့သည်မှာ သေချာလှပေသည်။

သမိုင်းကြောင်း
လူများသည် မည်သည့်အချိန်က စတင်၍ အခြေချနေထိုင်ခဲ့ကြသည်ကို ရှာဖွေရာတွင် ရဌ၀တီခေါ် ရပ်စောက်မြို့သမိုင်း စစ်တမ်းအရ မြန်မာ သက္ကရာဇ် ၁၀၁ ခရစ်သက္ကရာဇ် ရ၃၉ တွင်သရေခေတ္တရာမှ ဒွတ္တပေါင်မင်းသည် အင်းလေးရှိရေပေါ စံနန်း၌ ခေတ္တ လာရောက်စံမြန်းသွားသည်ဟု အထက်မြန်မာနိုင်ငံနှင့် ရှမ်းပြည်နယ် မှတ်တမ်း အပိုင်း ၂ အတွဲ ၂ စာမျက် နှာ ၂၆ တွင် “အင်းလေးမြန်မာစကား” စာတမ်းတွင် ဖော်ပြထားသည်။ ထိုကြောင့်မြန်မာနိုင်ငံတွင် အစောဆုံးလာရောက်အခြေချ နေထိုင်သော ပျူလူမျိုးတို့နှင့် အဆက်သွယ် ရှိခဲ့ဟန်တူပါသည်။ အင်းလေး ဒေသ ညောင်ရွှေချိုင့်ဝှမ်း လွင်ပြင်ကြီးသည် အေဒီ ၇၀၀ လောက်ကပင် ယဉ်ကျေးမှု ထွန်းကားပြီး အခြား ဒေသမှ မင်းနှင့် လူသူ အရောက်ပေါက်ရှီသည်ကို ပြဆိုနေပါသည်။

ရွှေသန်းတောင်ဘုရားကျောက်စာတွင် သက္ကရာဇ် ၃၇၉ (၁၁၇ အေဒီ) တွင် အနော်ရထာမင်းကြီးသည် ရွှေသန်းတောင်ဘုရားကို တည်တော်မူသည်။ ဒုတိယစည်သူခေါ် နရပတေ့စည်သူမင်းကြီးက ထပ်မံ ပြုပြင် တည်ဆောက်၍ ကျွန်သီးတော်များ ၀တ်မြေများကို လှူပြန်သည်။ ရွှေအင်းတိန်ဘုရားကျောက်စာတွင်လည်း အနော်ရထား မင်းမှ စ၍ အလောင်းစည်သူ အင်းဝရွှေနန်းကျော့၇ှင် စသည့်မင်းများက စေတီပုထိုးများ ပြုပြင်ခြင်း ထပ်မံ အသစ်တည်ထောင်ခြင်း ကျွန်သီးတော်များနှင့်ဝတ်မြေများ လှူဒါန်းခြင်းတို့ကို ဖော်ပြထားပါသည်။
ဆက်ရန်........


3 comments:

Ma Yangon Thu said...

ကိုကျော်စွာရေ.. မသိသေးတာတွေလည်း သိရတယ်။ အင်းလေးနဲ့ ပတ်သက်ပြီးလည်း ဗဟုသုတ ရတယ်။ ဒီပို့စ်အတွက် ကျေးဇူးပါ။

စောင့်ဖတ်နေပါတယ်။

naylinn said...

ကိုကျော်စွာရေ...အကူအညီလိုရင်ပြောနော်.. ကူပြီး type ပေးမယ်..စောင့်မျှော်နေပါတယ် ...ဆက်ရန်များကို ..

myo thant said...

ကျေးဇူးကြီးပါပေ့ ကိုကျော်စွာ..... ဆက်ရန်များကို.. စောင့်မျှော်နေပါတယ်...