Thursday, December 6, 2007

နန်း(သို့) ချယ်ရီ

အက်တမင်ရေ
ကျွန်တော်ကတော့အဝေးရောက် တောင်ကြီးသားပါ။

အက်တမင်တို့ရဲ့ဘလော့နဲ့ပဲ အလွမ်းဖြေနေရတဲ့သူပေါ့။
ဝက်ဘ်ဆိုဒ်ကလိုက်ဖ် ကြည့်လို့မရလို့ ၀မ်းနည်းမိတယ်။ ဒီမှာကွန်နက်ရှင်သိပ်မကောင်းဘူး။ ကဗျာလေးတင်ပေးပါဦးနော်။


နန်း(သို့) ချယ်ရီ

ဟိုး...အဝေးက
မှိုင်းညို့ညို့ရှမ်းတောင်တန်းမှ
မင်းမြတ်နိုးတဲ့...
ပန်းရောင်ချယ်ရီတွေ...
အပွင့်အဖူးတွေနဲ့
နေရာ...ယူနေကြပြန်ပြီ..နန်း...ရေ..။

ဆုံခဲ့ဖူးတဲ့
မြေနီလမ်းဟောင်းလေး...
ချယ်ရီငွေ့..နဲ့
အသက်ဝင်နေလေရဲ့...။

လမ်းဟောင်းလေးထဲ..အ၀င်
သခင်မဲ့...ချယ်ရီတချို့ရဲ့
(ဆွေးဆွေးမြေ့မြေ့... )
ငို..ကြွေးသံကို..
တိုး..တိုး..လေး...ကြားတယ်...။

ချယ်ရီ..ရေ
သင်းပျံ့တဲ့
မြောက်ပြန်လေညင်းတစ်စင်း..နဲ့အတူ
မင်းသခင်မလေး..နန်းကို
ဆောင်ယူ..လာပါတော့...။

နန်း..မကျီစယ်နဲ့..
ပန်း..ချယ်ရီတွေ..ငိုလိမ့်မယ်..
သခင့်..အလိုတော်ကျမို့
မျက်မာန်တော်..မရှလိုက်ပါနဲ့...

တောင်ပေါ်သားပါ...
အဝေးရောက်နေပေမယ့်...
ရှမ်းအိုးစည်သံလွင်လွင်..ကြားတိုင်း
ရင်ခုန်နှုန်း..က မြန်တယ်..
(ချယ်ရီတောတန်းနဲ့ ခုံပြာတန်းလေးကိုသတိရဆဲ)

အေးမြတဲ့
ရှမ်းတောင်တန်း..တွေပူလောင်
ပန်းချယ်ရီတွေ..ပျက်သုန်းမှ
ငါ..မင်းကို
မေ့နိုင်မယ်ထင်တယ်..နန်းရယ်..။
(သံယောဇဉ် လက်ကျန်ကိုတော့..ရှင်းမပစ်ပါနဲ့)

နှလုံးသားရဲ့ပုံရိပ်...
ရင်ခွင်ဦး...အစ
အဝေးက..တောင်ပေါ်မြို့လေးမှာ..
ပန်းရောင်ချယ်ရီတွေနဲ့..အတူ
ပြန်ဆုံမယ့်..တစ်နေ့ကို..မျှော်လင့်ရင်း...။ ။
(ချယ်ရီမြေ...သို့...သတိတရ)

ခရမ်းပြာ(T.G.I)