Wednesday, January 16, 2008

ချယ်ရီစာမျက်နှာ

တချိန်က လူတွေအားလုံး
နှစ်သက်ခုံမင်ခဲ့တဲ့.. မင်း..
အခုတော့..
အခုတော့......

ဘယ်တစ်ယောက်မှလဲ
အရေးတယူ မလုပ်ကြ..
စိတ်ထဲမှာလဲ မထားကြ..
တချို့ဆိုရင်
မင်းနဲ့ တွဲဆက်ထားတဲ့
ကြိုးကွင်းတွေကိုတောင်
ဖျက်တောက်ပစ်ခဲ့ကြတယ်..

အဲ့ဒီလိုနဲ့ တဖြည့်ဖြည်း
မင်းရဲ့ ရိုက်ခတ်မှုတွေ
နှေးကွေးလာတာ ငါတွေ့နေရတယ်..

နှစ်တစ်နှစ် ကုန်သွားလို့
စွန့်ပစ်ခံလိုက်ရတဲ့ Diary တစ်ခုလိုမျိုး..
ဘယ်သူမှ မင်းကို အလိုမရှိကြတော့ဘူးလား..

နှစ်သစ်တစ်ခုအတွက်
မင်းရဲ့ ပင့်သက်ရှည်တွေကို..
ဂရုပြုမဲ့သူတွေ..
ဘယ်များရောက်ကုန်ကြပြီလဲ..

ရွှန်းလဲ့တဲ့ စာမျက်နှာသစ်တွေနဲ့..
တောက်ပ သစ်လွင်နေဖို့..
မင်းကို ဖန်တီးပေးမဲ့သူတွေ..
တစ်ယောက်တစ်လေမှ မရှိကြတော့..ဘူးလား..

နေ့တစ်နေ့ရဲ့..
အခိုက်အတန့် အချိန်လေးတစ်ခုစာတောင်..
မင်းအတွက်.. ဖြုန်းတီးပေးဖို့..
တန်ဖိုးရှိမနေတော့ဘူးလား..

ဒီလိုနဲ့ပဲ
မင်းလဲ..
ခြောက်ကပ်..
တိတ်ဆိတ်..
ရပ်တန့်လို့..

တစ်..
စ..
နဲ့..
တစ်..
စ..
လူ..
တွေ..
မင်း..
ကို..
မေ့..
ပျောက်..
သွား..
ကြ..
တော့..
မယ်..
ထင်..
ပါ..
တယ်..

3 comments:

meeo said...

thanks!
i think this post is the first post for 2008..

နေလင်း said...

တောင်ကြီးချယ်ရီရေ ကျွန်တော်လည်း ဒီကဗျာလေးကိုဖတ်မိမှ ကျွန်တော်တို့ မေ့လျော့နေခဲ့တာလေးကို သတိပြုမိတယ် ..အရမ်းခံစားရပါတယ်ဗျာ...လာဖြစ်ပေမယ့် ကိုယ်တိုင်အားထုတ်ဖို့ကို မကြိုးစားမိခဲ့ဘူးလေ...အတိတ်ကအကြောင်း အရာတွေက ကုန်နေပြီလို့ပဲ ပြောရမလားပဲဗျာ..ရေးချင်တာကတော့ အရမ်းပါပဲ..မကြာခင်မှာ ပြန်လည် ပေဆာလာမယ်လို့မျှော်လင့်ပါတယ်...ချယ်ရီကို ချစ်တဲ့ သူတွေရဲ့ မေတ္တာတွေနဲ့လေ

May Burma said...

ရှင်သန်လန်းဆန်းမှုအတွက် အမြဲရေဖြန်းပေးရမှာပေါ့

တော်တော်ကောင်းတဲ့ကဗျာလေးပါ