Thursday, September 25, 2008

အိမ်ပြန်ချိန်

အလုပ်ဆင်းလို့ MRT စီးရင်း ပြန်လာတော့
အနောက်ဖက်ကောင်းကင်က နေ့အလင်းဖျော့ဖျော့။
မိုးကုပ်စက်ဝိုင်းရဲ့ တစ်ဖက်က ကောင်းကင်မှာလဲ နေဝင်တော့မှာလား . . .

အဖြူရောင် အင်္ကျီကိုဝတ်ထားပေမယ့်
အစိမ်းရောင်ပုဆိုးကိုတော့ မဝတ်ဖြစ်တာကြာပြီ။
ပြန်တွေးကြည့်တော့ မနေ့ကလိုလိုနဲ့ အချိန်တွေက အကုန်မြန်သည်။

အဖေ့လက်ကိုတွဲလို့ အနိမ့်အမြင့် လမ်းကလေးအတိုင်း
နေမဝင်ခင် အိမ်ကိုပြန်ခဲ့တယ်
နောက် . . .
တစ်ယောက်သောသူကို အပြီးအပိုင်လမ်းခွဲလို့
နေဝင်ချိန်မှာ အိမ်ကိုပြန်ခဲ့တယ်
နောက် . . .
သူငယ်ချင်းတွေကို နှုတ်ဆက်ရင်း
သန်းခေါင်မတိုင်ခင် အိမ်ကိုပြန်ခဲ့တယ်
နောက် . . .
နှင်းမှုန်မှုန်ထဲ ကြယ်တွေရေတွက်လို့
သန်းခေါင်အကျော်မှာ အိမ်ကိုပြန်ခဲ့တယ်
နောက် . . . . . . . . . .

ဘယ်လိုအချိန်တွေမှာ အိမ်ကိုပြန်ခဲ့ရမလဲ အဖေ ။ ။

2 comments:

flower said...

“အိမ်ပြန်ချိန်” ကဗျာလေးကို အရမ်းကြိုက်မိပါတယ်... ဘာဖြစ်လို့လည်းတော့ ကိုယ့်ကိုယ်ကို မသိခဲ့ပါဘူး.. ဒါပေမယ့် နည်းနည်းတော့ ခံစားရလိုက်သလိုပါပဲ.. အရမ်းကောင်းပါတယ်... ကျေးဇူးလည်း အထူး တင်ပါတယ်...
ခင်မင်လျက်
ချိုလေးငယ်

Anonymous said...

I miss my father n hometown,tgi.:(