Friday, February 6, 2009

စင်ပေါ်တက်ရတဲ့ အခိုက်အတန့်

အ ထ က ( ၁) ၊ ၁၀ တန်း (အေ) ၊ ထမင်းစားကျောင်းတက်ပြီးစ စာသင်ချိန်။

ဆရာမရဲ့ အကြည့်တစ်ချက်က ကျွန်တော့်၏ နောက်ပြောင်ချင်တဲ့စိတ်တွေအားလုံးကို ရပ်တန့်စေခဲ့သည်။ ထိုမှ တဆင့် ဝမ်းနည်းမှု။

အချိန်က တော့ Bio သင်တဲ့အချိန်ပေါ့ ။

အဲဒီနေ့က ဘာတွေ ကျွန်တော် အူမြူးနေမှန်းမသိ ။ သူငယ်ချင်းတွေကို စလိုက် နောက်လိုက်နှင့် တဟားဟား ပွဲကျ နေခဲ့သည် ။ ကျောင်းတက်ခေါင်းလောင်းထိုးပြီး ခဏကြာတော့ ဆရာမရောက်လာသည်။ ဆရာမမှာ တခြားသူမဟုတ် ။ ဂျပန်နိုင်ငံကို ပညာတော်သင်သွားပြီး ပြန်လာတာမကြာသေး ၊ အသက်ငယ်သေးသလို ထက်မြက်လှသော ဆရာမပါ ။ စာအသင်အပြကောင်းသလို ကျောင်းသား ကျောင်းသူတွေကို စိတ်ဝင်စားအောင်လည်း သင်ပြတတ်၍ သူ့အချိန်ဆိုလျှင် ကျွန်တော်တို့အားလုံး စာသင်ရတာ ပျော်သည်။

အူမြူးနေသော ကျွန်တော့်အတွက်တော့ ဆရာမအချိန်အထိ နောက်ပြောင်ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်နေခဲ့တာလေ။ ဆရာမရောက်ပြီး သိပ်မကြာခင်မှာပဲ ဒီနေ့ ခေါင်းစဉ်သစ် သင်မယ်ပြေါပီး အကယ်၍ လေ့လာထားတဲ့သူရှိပါကလည်း အပြင်ထွက်ပြီး သိထားသလောက်ပြောချင်ပြောနိုင်ကြောင်း ဖိတ်ခေါ်သည်။ အဲဒီနေ့အသစ်သင်မည့်အကြောင်းအရာကို ကြည့်လိုက်တော့ Maize အကြောင်းဖြစ်နေတယ်။ ခေါင်းစဉ် စာလုံးအဓိပ္ပါယ် ကလွဲ၍ ကျန်တာဘာမှမသိ။ ဒါပေမယ့် ကျွန်တော် အတန်းရှေ့ကို ထွက်သွားပီး ဆရာမကို ကျွန်တော်ပြောမယ်လို့ ခွင့်တောင်းမိသည်။ ရည်ရွယ်ချက်ကတော့ တခုတည်းပဲ ။ အားလုံးကို နောက်ချင်နေတဲ့ စိတ်ပေါ့။

ဒီလိုနဲ့ စတိတ်စင်ပေါ်တက်ပြီး စာအုပ်ကို ကိုင်ကာ ချောင်းဟန့်လိုက်သည်။ အားလုံးကလည်း သိနေသည်။ ကျွန်တော်နောက်တော့မယ်ဆိုတာကိုပေါ့။ မျက်နှာတွေက ပြုံးစိစိနှင့် ကျွန်တော် ဘာပြောလဲ နားစွင့်နေကြသည်။ ကျွန်တော်ကလည်း ရုပ်တည်ကြီးနှင့် ဆက်ဖောသည်။

ဒီနေ့ကျွန်တော်တို့ သင်ကြားရမည့် အကြောင်းအရာကတော့ ပြောင်းဖူးစေ့အကြောင်းဖြစ်ပါတယ်။ ပြောင်းဖူးစေ့အကြောင်း ပြောမယ်ဆိုရင် ပြောင်းဖူးအကြောင်းအရင်ပြောရမှာပါ ဆိုပြီး ပြောင်းဖူးတစ်ဖူးကို အခွံခွာပြီး ရင် ဘာတွေ့ရမလဲဆိုရင် အမွှေးတွေကို တွေ့ရမှာပါ။ ဟာသပြက်လုံးတစ်ခုမဟုတ်ပေမယ့် တွေ့ရခဲသောအပြုအမူဖြစ်၍လည်း အားလုံးကလည်း တဝါးဝါး တဟားဟားနဲ့ပေါ့။ ဒီလိုနဲ့ ပြောရင်း ဆရာမကို တချက်ကြည့်မိသည်။ ဆရာမက မျက်နှာထားနှင့် ဆက်ပြောလေဆိုတဲ့ မျက်နှာနဲ့ ကျွန်တော့်ကို ပြန်ကြည့်သည်။ ထိုအချိန်တွင် ကျွန်တော်ဘာပြောရမှန်းမသိတော့ ။ ခေါင်းစဉ်အဓိပ္ပါယ်တစ်ခု သိရုံလောက်နှင့် စင်ပေါ်တက်ခဲ့ရသော ကျွန်တော့်အတွက် ငါဘာမှ ထပ်မပြောနိုင်တော့ဘူးဆိုတဲ့ အတွေးဝင်လာတဲ့အချိန်မှာ ကျွန်တော် ထူပူသွားသည်။ တခန်းလုံးလဲ ကျွန်တော့်မျက်နှာကို တွေ့ပြီး ပြုံးနေတဲ့ မျက်နှာထားတွေတည်ပြီး ရီနေတဲ့အသံတွေနှင့် ဆူညံနေရာမှ တိတ်ဆိတ်သွားသည်။ ကျွန်တော် ဘာဆက်လုပ်မလဲ လို့ သိချင်စိတ်တွေနဲ့ အကဲခတ်နေကြသည်။ ထိုတိတ်ဆိတ်ခြင်းကို ဆရာမက မင်းပြောချင်တာ ဒါပဲပေါ့တဲ့ အမေးနဲ့ ဖြိုခွင်းလိုက်သည်။ ကျွန်တော့်မှာ ဖြေစရာစကားက တစ်ခွန်းတည်းလေ။ ကျွန်တော်လည်း ခေါင်းညိတ်ပြီး ခုံရှိရာသို့ ခေါင်းငိုက်စိုက် နှင့် ပြန်ခဲ့သည်။

ထို့နောက်ဆရာမ ဘာသင်လည်း ကျွန်တော်မသိတော့ ။ စိတ်ထဲမှာ မေးခွန်းများနဲ့ ချာချာလည်နေသည်။ ငါ့လုပ်ရပ်ဟာ ဆရာမကို အလေးမထားတဲ့ အပြုအမူမျိုးဖြစ်သွားလား မသိဘူးဆိုတဲ့ အတွေး။ ကျွန်တော့် အမေကလည်း ဆရာမတစ်ယောက်ဖြစ်၍ ထိုအပြုအမူမျိုးဖြစ်ခဲ့ပါက ….ရှက်စိတ် ၊ ကြောက်စိတ်တွေ ရောထွေးကာ ကျွန်တော် ခေါင်းတစ်ခုလုံး ရှုပ်ထွေးသွားသည် ။ အတန်းပြောင်း ခေါင်းလောင်းထိုးတဲ့အသံကြားတဲ့အချိန် ၊ ဆရာမထွက်သွားတဲ့အချိန်မှာ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုနှင့်အတူ ဆရာမနောက်ကိုလိုက်သွားမိသည်။ ဆရာမရှေ့ရောက်တော့ ကျွန်တော့် မျက်လုံးအိမ်မှ အလိုလို မျက်ရည်တွေ စီးကျလာသည်။ ဝမ်းနည်းစိတ်နဲ့အတူ ဆရာမကိုတောင်းပန်မိသည်။ ကျွန်တော်ဆရာမကို မလေးမစားလုပ်ချင်လို့ ပြုမူခဲ့တာမဟုတ်ကြောင်းနဲ့ ကျွန်တော်နောက်ချင်စိတ်ကြောင့် ရှေ့ထွက်ခဲ့ရတာဖြစ်ကြောင်း ပြောမိသည်။ ထိုအခါဆရာမက ကျွန်တော့်ကို အဲလိုမထင်ကြောင်း၊ နားလည်ကြောင်း နှစ်သိမ့်သည်။ ထို့နောက် အခန်းထဲသို့ ကျွန်တော်ရဲ့မျက်ရည်ရွှဲနေတဲ့မျက်နှာကို လက်နှင့်ကာပြီး ပြန်ဝင်ခဲ့သည်။

ထိုနေ့မှစ၍ ဆရာမအချိန်ဆိုလျှင် ကျွန်တော် ခေါင်းငုံ့ကာ နားထောင်တော့သည်။ ဆရာမမျက်နှာကိုလည်းမကြည့်တော့။ အပြစ်ရှိတဲ့ ကျောင်းသားတစ်ယောက်ခံစားချက်က မပျောက်တော့။ ဒီလိုနှင့် တလကျော်ကျော်ကြာသွားသည်။ ဒီကြားထဲ ဆရာမကလည်း သူ့နည်းသူ့ဟန်နှင့် ကျွန်တော့်အကြောင်း တခြားဆရာမများကိုမေးမြန်းကြောင်း ကြားသိရသည်။ နောက်ပိုင်းတွင်တော့ ဆရာကမ ကျွန်တော့်ကို ရည်ရွယ်ကာ ခေါင်းဖော်ပြီး စာသင်ပါဆိုဟု နောက်ပြောင်ကာ ကျွန်တော့်စိတ်ခံစားချက်ကို ပြေပျောက်စေခဲ့သည်။

နောက်ပိုင်းတွင် ဆရာမနှင့် အရမ်းရင်းနှီးသွားသည်။ နောက် ကျွန်တော်လည်း တောင်ကြီးနဲ့ ဝေးရာသို့ ထွက်ခွာလာခဲ့ရသည်။ ပြန်ရောက်တိုင်းလည်း ဆရာမဆီသွားကာ အတိတ်ကအကြောင်းပြောရင်း အလွမ်းသယ်ဖြစ်သည်။ ကိုယ့်တပည့်တွေက တကူးတက မမေ့မလျော့ လာသည်ပဲ။ ဘယ်ဆရာမက မကြည်နူးပဲရှိပမလဲနော်။ ပီတိစားပြီး အားရှိနေကြတဲ့ ဆရာများပါပဲ။

ဒီကြောင်းအရာကို ရေးဖြစ်ရတဲ့အကြောင်းကတော့ ကျွန်တော် အတိတ်က ကြုံခဲ့ရတဲ့ အကြောင်းအရာထဲက ခံစားချက်များကို မျှဝေခြင်းသက်သက်ပါပဲ။

တောင်ကြီးသားတစ်ယောက်အနေနဲ့ တောင်ကြီးမှာ အမြဲမရှိနေနိုင်ခဲ့ပါဘူး။ ဒါပေမယ့် တောင်ကြီးနဲ့ပါတ်သတ်တဲ့ ခံစားချက်၊ အမှတ်တရတွေကတော့ ဘယ်တော့မှ မမေ့နိုင်တဲ့ အဖြစ်အပျက်များပါပဲ။

ခံစားနားလည်နိုင်ပါစေ…

နေလင်း


21 ခု မှတ်ချက် ပေးထားတယ်:

တောင်ပေါ်ကရှမ်းကလေး said...

ကောင်းလိုက်တာအကိုရယ် အနော်လည်းနောက်ပြောင်ဖူးတယ် အာချောင်တာလေအခန်းထဲမှာ
အစ်ကိုပြောသလိုပဲ တောင်ကြီးသားဟာတောင်ကြီးမှာအမြဲမရှိနိုင်ဘူးဆိုတာလေ သိပ်မှန်တာပဲ

တောင်ပေါ်သား said...

ဟီးးးး ငိုချင်တယ် ဆရာမ နာမည်က ဘူတူတုန်းဗျ ကျနော်က ဘီခန်းကနော့် ဒါပေမဲ့ နှစ်တော့ တူလောက်ဘူး ဟီးး ဆရာမတွေကို လွမ်းတယ် ဆရာတွေကော ပါပါတယ်။ ဆယ်တန်းမှာက ဆရာ မသင်ဘူးလေ ဆရာမ ဒေါ်မီမီသိန်းကို လွမ်းတယ်ဗျာ တပည့်တွေအပေါ် အရမ်းချစ်တတ်တဲ့ ဆရာမတယောက်ပါ။


လေးစားလျက်
တောင်ပေါ်သား

နေလင်း said...

ဆရာမက ဒေါ်စန္ဒာရဲဝင်းလေ .သိတယ်မလား..
မီသိန်း နဲ့တော့ ငါတို့တုန်းကတော့ .. မသင်လိုက်ရဘူးဟ..ဆရာမနှစ်ယောက်က အခန်းခွဲသင်ကြတော့လေ...ဒေါ်နန်းမြသန်းထင်တယ်.ငါတို့ကိုသင်တာ...

Anonymous said...

်ဖီးစစ် ဆရာမက ဘူလဲဟင် ထ၁ က

နေလင်း said...

ဖီးစစ်ဆရာမကို နာမည်မမှတ်မိတော့ဘူး..ပုပု၀၀နဲ့ပဲ မှတ်မိတော့တယ်.ဟီး

seinlae said...

အော်...နေလင်းက ပြောင်ချော်ချော်နိုင်တာ ငယ်ကတည်းကကိုး...အခုကျတော့ပြောင်ချော်ချော် ပေါတောတော အဆင့်ရောက်ပီပေါ့နော်...အေး..နေလင်းတို့ တောင်ပေါ်တို့ရေ...မင်းတို့ဆရာမ ငါကလဲ မင်းတို့ကို လွမ်းပါတယ်ကွယ်...

star said...

ဘယ်ခုနှစ်ကလဲ. . .
တောင်ပေါ်မြို့က တို့တွေရဲ့ ကျောင်းတော်ကြီးရယ်၊ ဆိုးတူကောင်းဘက် တွဲခဲ့ကြတဲ့ သူငယ်ချင်းတွေရယ်၊
ဆရာ၊ ဆရာမတွေကို လွမ်းတယ်ကွယ်...

star said...
This comment has been removed by the author.
နေလင်း said...

စိန်လဲ့>> တွယ်သဟ..:(

စတား >> ၉၈ အောင်ပါ..

ခီခန့် (ငပျင်း) said...

အော် နာမည်မေ့နေလို့ မေပါတယ်ဆို သူကပါမေ့ နေတယ်ဆိုပါလား သူအိမ်ကထ၅ အပေါ်ကလေ ဟုတ်တယ်မလား ပုပု၀၀ နဲ့ ဟုတ်တယ် သဘောကောင်းတယ်နော် ထ၁ ကတော့ဟုတ်ဘူး ဒါပေမဲ့ သိလို့ 

thuthu said...

ဖတ်ပြီးရယ်ရမလို၊ငိုရမလိုဖြစ်သွားတယ်။
ငယ်ငယ်ကအတော်ပြောင်တာပဲနော်

နေလင်း said...

ွှthuthu>> သူကလည်း တွယ်သဟ :D

့YO said...

ဟင်းဟင်းနော်...ငါမသိလို့ အခုမှလာတာ.ဒါတောင် ငမူးပြောလို့။
ဒီပိုစ့်ကိုဖတ်မှ..နင်တော်တော် ငပြောင်ဆိုတာသိတော့တယ်။ ငါ့လိုလဲ မလိမ္မာဘူး:))

aelko said...

ပုပု၀၀ နဲ့ ဆိုတော့ အဲဒါ ဆရာမ ဒေါ်တင်လတ်လေ။
ဆရာမရေ ပရယ်ဒီကယ် လုပ်ရင်ကျနော်လာခဲ့အုံးမယ်။
ဟေ့ နင်တို့ ရောအတန်းမရှိဘူးလား။

Anonymous said...

Hi Nay Lin,

When did u passed 10th standard?
I was also a student of BEHS 1 , Taunggyi in 1999-2000. That time, there got very few boy in our class A ( i think only 13 boys ). And our class teacher was Daw Mya Aye.

The physics teacher was Daw Ye Ye Myint. Now all retired already.

I also miss my schooldays & friends.

myo min said...

R u Nay Lynn Han or not.

sailormoon2010 said...

i m also from BEHS -1 , 2000-2001 , there were also only 13 boys in our class, our class teacher was Daw Ye Ye Myint. U Tin Thein (headmaster) retired in 2000. I think U Nyo Lone was there from 2001-2002 school year. He decorateed the school buildings. Although they looks new but i miss the old one very much , i think the new one was not so familiar with us, (just my feeling)..

two said...

ကျောင်းကြီးကိုလေ...ကျွန်တော်လွမ်းတယ်....ကျောင်းတက်ချိန်ကို ငါလွမ်းတယ်...အမြဲထိုင်တယ်...စာသင်ခန်းထဲဝယ်..စာသင်ရတဲ့နေ့ ရက်တွေကို ငါ သတိရတယ်...ထ ၁ က သူငယ်ချင်းများ ကို လည်း သတိရပါတယ်..ဆရာဆရာမ တွေလည်း ..တချိန်ပြန်ဆုံဖြစ်ရင်..ငါတို့ အလွမ်းတွေနဲ့ ထွေးပွေ့ ပြီး အလွမ်းဖြေလိုက်ချင်တယ်ကွာ...

two said...

ဒေါ်စန်ဒါရဲဝင်း...လည်း ကျွန်တော် သင်ခဲ့ရပါတယ်..ဒေါ်မီမီသိန်းလည်း အတန်းပိုင်ဖြစ်ဖူးပါသည်...နွေးထွေးသော ..ဆရာမများ နဲ့ ကျွန်တော်တို့ုကုံ တွေ့ ခဲ့ရလို့ ..အရမ်းကံကောင်းခဲု့ကရပါတယ်...ကျေးဇူးပါဗျာ...ထ ၁ ကျောင်းတော်ကြီး..ထာဝရအေးချမ်း ပါစေ. ;)

Anonymous said...

နေလင်းဟန်ရေ မင်းစာဖတ်ရတာ ထ. (၁) ပြန်ရောက်နေသလိုပါပဲကွာ

www.sweet-sweet-tgi.blogspot.com said...

ပျော်တယ်.. ကျောင်းပြန်ရောက်သွားသလိုပဲ...
အဟုတ်...
အဲဒီပုပုဝဝ ဆရာမနာမည်တော့ မမှတ်မိဘူး..
ကျွိတို့က သူကို ဂျမ်းပု လို့ခေါ်တယ်...
ချစ်ဖို့ကောင်းတယ် ချာမက ...