Wednesday, February 11, 2009

အေးချက်ကတော့

အဆောင်မှာ သူငယ်ချင်းတွေစုပြီး ဘယ်သူ့မြို့ ပိုအေးသလဲဆိုတာပြောရင်း အင်းသားအစ်ကိုကြီးက သူ့တောင်ကြီးအေးပုံကို အော်ပြောသွားပါတယ်။
မင်းတို့ မြို့တွေတော့ မသိဘူး...ငတို့ တောင်ကြီးမတော့ ဆောင်းတွင်းဆို လမ်းဘေးသေးပေါက်ရင် ခြေထောက်တစ်ချောင်းက သေးချောင်းကို အမြဲကန်ချိုးနေရတယ်..
အဆောင်တွင် ကုတင်ကျိုးအောင် ရယ်မောခဲ့ရသော နေ့များအား သတိရလျက်...



မြန်မာကျူးပစ် ဟာသ များထဲမှ ကို nail ၏ ပိုစ့်ကို ကူးယူဖော်ပြပါသည်။

6 ခု မှတ်ချက် ပေးထားတယ်:

Welcome said...

တောင်ကြီးထက် ပင်လောင်း
ပင်လောင်းထက် တီကျစ် က
ပိုအေးသလားလို့ပါ ..

(၀င်ပွားသွားပါတယ်)

မိုးသောက်(ရှမ်းလေး) said...

တောင်ကြီးက ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၇၁၂အမြင့်မှာရှိပေမယ့် ဆောင်းတွင်းမှာ တကယ်အေးပြီဆိုရင် ကလောမြို့က ပိုအေးတယ်လို့ ကြားဖူးတယ်... ဒါပေမယ့် တောင်ကြီးလဲ တကယ်အေးတာပါပဲဗျာ... ပြောရင်းနဲ့ ပြန်ချင်လာပြီဗျာ.... (တောင်ကြီးသားမို့ ငယ်ငယ်က လူကြီးတွေပြောတာကို ပြန်ပြောပြတာပါ... ဟုတ်လားတော့သိဘူး... ဟီးဟီး)

တောင်ပေါ်ကရှမ်းကလေး said...

အေးတာချင်းတူတယ် ပြောမနေနဲ့ အေးရင် ယမကာလေးနဲ့ ညိမ့်နေတာပဲ အဟဲ ပြောရဲပါတယ် တောင်ကြီးသားမှန်ရင် ယမကာမှီဝဲတတ်ပါတယ် ရင်ထဲကိုပူဆင်းသွားတာလေးကိုကတစ်မျိုးလေးဗျ ပြောရင်းသတိရလာပြီ မနက်ကို တိုဖူးနွေးလေးနဲ့ 
့အီကြာကွေးလည်းပါသေး တောင်ကြီးကိုလွမ်းတာတော့ အားလုံးပဲ လွမ်းပါတယ် ဒါပဲပြောတော့ဘူးရယ့်

ခွန်လေဇာ-စလုံး said...

ဟမ် .:O .. တိုဖူးနွေးအကြောင်း ပါလာတယ်။ ၀င်ပြီး Comment ပေးမယ်ဗျာ :P .. ။ တိုဖူးနွေးလေး လွမ်းတယ်ဗျာ .. မင်္ဂလာဦးက .. (~_~) မစားရတာ ကြာပြီဆိုတော့ ၀င်ပြီးအလွမ်း သည်လိုက်ပါအုံးမယ် . ... :P .. ။ အီကြာကွေးနဲ့တော့ ရောစားဖူးဘူး .. ၀က်ခေါက်လေးနဲ့ .. ရေနွေးကြမ်းလေးနဲ့ .. :( အဟင့် ... ။

ပြန်စုံမယ့်နေ့ကို မျှော်လင့်နေပါမယ်
မင်္ဂလာဦးက တိုဖူးနွေးရေ .. :P

အာ r rr r ဘွား .. :*) ..
ဆိုင်ရှင်ကို ဟုတ်ဖူးနော် :P

mysterysnow said...

ရန်ကုန်သူတစ်ယောက် တောင်ကြီးဆောင်းတွင်းမှာ စကပ်တိုတိုဝတ်ပြီး မြစိမ်းတောင်သွားမိတယ်...

နောက်နေ့ကျတော့ အမှတ်မရှိပဲ အကျီင်္လက်ပြတ်နဲ့ မြို့မဈေးကို ထပ်သွားပြန်တယ်...

ဘာဖြစ်လဲသိလား....

့YO said...

ပင်လောင်းပိုအေးမယ်ထင်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ၁၈၀၀ မှာ တည်ရှိသလို ဘယ်နေရာကြည့်ကြည့် တောင်တွေကြားရောက်နေလို့ ရှမ်းတောင်မှာ ပင်လောင်းမြို့က အအေးဆုံးလို့ ကြားဖူးပါတယ်။ :)
အအေးပြိုင်ပွဲကို ပါဝင်သွားပါတယ်။